ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတာ အာရှ ခေါင်းဆောင်တွေ စိုးရိမ်

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာ စစ်အစိုးရက စွဲချက်အသစ်တွေ နဲ့ စွဲဆိုလိုက်တဲ့အတွက် အာရှအစိုးရတွေ က စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြပါတယ်။

နေအိမ်အကျယ်ချုပ် ချထားခြင်းခံရတဲ့ ဥပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် သူမ မှာ အပြစ်ရှိကြောင်း အစိုးရ က ပြောပြီး၊ လာမယ့် တနင်္လာနေ့ တရားရုံးမှာ အမှုတင်ဖို့ ပြင်ဆင်နေပါတယ်။

ဒါ ဟာ မြန်မာနိုင်ငံအတွက် နောက် ပြန်ဆုတ်သွားတဲ့ လုပ်ရပ်အဖြစ် မြင်ကြောင်း ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva က ပြောပါတယ်။ ထိုင်းနိုင်ငံ ဟာ အာဆီယံ အဖွဲ့ရဲ့ အလှည့်ကျ သဘာပတိ ဖြစ်ပါတယ်။

ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ စင်္ကာပူ တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုလို စွဲဆိုလိုက်တဲ့အတွက် ရတက်မအေး ဖြစ်မိကြောင်း သောကြာနေ့ က ပြောကြပါတယ်။

အမေရိကန် နိုင်ငံသားတစ်ယောက် က ဒေါ်အောင်ဆန်းစုကြည် အိမ် ကို ရေကူး
ဝင်ရောက်သွားတဲ့ အမှု နဲ့ ဆက်စပ်ပြီး အင်းစိန်ထောင် မှာ ကြာသပတေးနေ့ က ဒေါ်အောင်ဆန်းစုကြည် ကို အမှုဖွင့်ပြီး အင်းစိန်တောင် ကို ပို့လိုက်ပါတယ်။