ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကို
စိုးရိမ်တဲ့အကြောင်းနဲ့ ဖမ်းဆီး
ထိန်းသိမ်းထားရာက လွှတ်ပေးဖို့ တောင်အာဖရိကနိုင်ငံကလည်း
တောင်းဆိုလိုက်ပါ
တယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဒီကြေငြာချက်ကို
တောင်အာဖရိက နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာနက ဒီကနေ့ပဲ
ထုတ်ပြန်လိုက်တာပါ။ အစဉ်အလာအားဖြင့်
အခုလို မြန်မာနိုင်ငံကိစ္စတွေမှာ တရားဝင်
ထုတ်ဖော်ပြောဆိုလေ့မရှိတဲ့ တောင်အာဖရိကနိုင်ငံက
အခုလို ကြေငြာချက် ထုတ်ပြန်
လိုက်တာဟာ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ ဒီကြေငြာချက်နဲ့ပတ်သက်လို့
နိုင်ငံခြား
ဆက်ဆံရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Nomfanelo Kota က အခုလို ပြောပြပါ
တယ်။
"NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ်
တောင်အာဖရိကအစိုးရအနေနဲ့ စိုးရိမ်ပူပန်မိပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်း
စုကြည်လွတ်မြောက်ဖို့
သီတင်းနှစ်ပတ်လောက်အလိုမှာ စွဲချက်အသစ်တွေတင်ပြီး စီရင်
ချက်ချဖို့ လုပ်ဆောင်တာဟာ
စိတ်မချမ်းမမြေ့စရာ လုပ်ရပ်ဖြစ်ပါတယ်။ နောက်
မကြာ
ခင်တုန်းကပဲ သူမရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ကျမတို့ သတင်းတွေ
ရရှိခဲ့တဲ့အတွက်
အခုလို ဖမ်းဆီး ထိန်းသိမ်းထားတာက သူမရဲ့ ကျန်းမာရေးကို ပိုဆိုးရွား
သွားစေနိုင်ပါတယ်။
"
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်အတွင်းမှာ အထူးခုံရုံးတင် စစ်ဆေးနေတဲ့အပေါ် နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင်ဝေဖန်မှုတွေ တဖြည်းဖြည်း ကြီးထွားလာနေတဲ့အချိန်မှာ တောင်အာဖရိကနိုင်ငံကလည်း တခြား နိုင်ငံတွေနည်းတူ အခုလို ကြေငြာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်ပေးဖို့ တောင်းဆိုကြောင်း မစ္စ Nomfanelo Kota က အခုလို ဆက်ပြောပါတယ်။
"မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်ပေးဖို့ တောင်အဖရိက နိုင်ငံအနေနဲ့ တောင်းဆိုလိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ တောင်အာဖရိကနိုင်ငံက ယူဆတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပါဝင်ခွင့် ပြုသင့်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးဖို့ ကျမတို့က တောင်းဆိုပါတယ်။ "
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းဟာ အစိုးရနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလမ်းပဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ကြဖို့ စီစဉ်တုန်းက အဲဒီအချိန်က လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံ ထောက်ခံခဲ့ခြင်းမရှိတဲ့အပေါ် ကမ္ဘာ့နိုင်ငံ အများအပြားက အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒီအချိန်က တောင်အာဖရိကနိုင်ငံရဲ့ ရပ်တည်အတိုင်းပဲ လက်ရှိ အစိုးရအနေနဲ့ ဆက်လက် ရပ်တည်သွားမှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ် ညှဉ်းပန်းမှုတွေကိုတော့ တောင်အာဖရိကနိုင်ငံအနေနဲ့ ထောက်ခံခြင်းမရှိဘူးလို့ မစ္စ ကိုတားက ပြောပါတယ်။