တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အရင်က အာဏာရှင် အစိုးရတွေ ရှိခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအုပ်ချုပ်မှု စနစ်ဆီ အသွင်ကူးပြောင်း ခဲ့ကြပြီးဖြစ်လို့ မြန်မာနိုင်ငံက ဘာကြောင့် မပြောင်းလဲနိုင်ရသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ် နေပြီလို့လည်း ထိုင်းနိုင်ငံရေး ဝန်ကြီး ကဆစ်ပီရွန် က ပြောခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
စစ်အစိုးရက တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ဝေဖန်မှုတွေ
ထွက်ပေါ်လာတဲ့အထဲမှာ လက်ရှိအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ထိုင်းနိုင်ငံက တော်တော်လေး ပြင်းပြင်း ထန်ထန်
ဝေဖန်တာတွေ့ နေရပါတယ်။ လောလောဆယ် တောင်ကိုရီးယားနိုင်ငံမှာ လုပ်နေတဲ့ တောင်ကိုရီးယားနဲ့
အာဆီယံ နိုင်ငံများရဲ့ အနှစ် ၂၀ မဟာမိတ် ဆက်ဆံရေး အထိမ်းအမှတ် စည်းဝေးပွဲမှာလည်း မြန်မာ့အရေးကို
ဆွေးနွေးပြောကြားမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိက်ချာချီဝ က ပြောခဲ့ပါတယ်။