နိုင်ငံတကာ ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့နဲ့ မြန်မာပြည်က ကလေးငယ်တွေရဲ့ ဘဝအခြေအနေ

ဇွန်လ ၁၂ ရက်နေ့ကို နိုင်ငံတကာ ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့အဖြစ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ အဲဒီနေ့အတွက် ရည်စူးထုတ်ပြန်တဲ့ မိန်းကလေးငယ် အလုပ်သမားတွေအခြေအနေအကြောင်း အစီရင်ခံစာမှာ မိန်းကလေးငယ်တွေရဲ့ ဘဝရှေ့ရေးဟာ ရင်လေးစရာလို့ မီးမောင်းထိုးပြထားပါတယ်။ မြန်မာနိုင်ငံမှာရော အလုပ်လုပ်ကိုင်နေကြရတဲ့ မိန်းကလေးငယ်တွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်း တင်ပြထားပါတယ်။