ရေနံစိမ်းတင်ပို့မယ့် ပိုက်လိုင်းကို တည်ဆောက်မယ့် သဘောတူ နားလည်မှု
စာချွန်လွှာကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC နဲ့ စစ်အစိုးရရဲ့ စွမ်းအင်
ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
သဘောတူညီချက်အရ တရုတ်က အဲဒီရေနံပိုက်လိုင်းကို ပုံစံထုတ် တည်ဆောက်ပြီး
စီမံခန့်ခွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသမှာ ဆိပ်ခံတံတားကြီးနဲ့ ရေနံသိုလှောင်
ကန်တွေကိုလည်း တရုတ်က တည်ဆောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလကစပြီး
မိုင် ၇၀၀ ကျော်ရှည်မယ့် ပိုက်လိုင်းကို တရုတ်က စတင်တည်ဆောက်ပါလိမ့်မယ်။
ကုန်ကျငွေ ဒေါ်လာသန်းပေါင်း ၂,၅၀၀ ရှိပြီး ၂၀၁၂ မှာ ပြီးဆုံးမယ်လို့ မျှော်လင့်ထား
ပါတယ်။ တနေ့ကို ရေနံစိမ်းစည် ၄၀၀,၀၀၀ ပို့နိုင်မှာဖြစ်ပြီး တနှစ်ကို ရေနံ ကုဗမီတာ
သန်းပေါင်း ၁၂,၀၀၀ ထိ ပို့နိုင်မှာ ဖြစ်ပါတယ်။
ပိုက်လိုင်းကြောင့် ရေနံနဲ့ ပို့ဆောင်ရမယ့် အကွာအဝေး မိုင် ၇၀၀ လောက် တရုတ်အဖို့
သက်သာသွားသလို အချိန်လည်း သက်သာသွားပါလိမ့်မယ်။
ရေကြောင်းအသွားအလာများတဲ့ မလက္ကာရေလက်ကြားကို အခုလို ပိုက်လိုင်း
ဆက်လိုက်တဲ့အတွက် တရုတ်က ရှောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စွမ်းအင်
အရင်းအမြစ်တွေ ရရှိနိုင်ဖို့လည်း ပိုမိုခိုင်မာသွားမှာ ဖြစ်ပါတယ်။