ကေအန်ယူ ကို အမြစ်ပြုတ်ချေမှုန်းရန် မလွယ်သေး

ကရင်ပြည်နယ်အတွင်း ထိုင်းနယ်စပ်မှာရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (Karen National Union - KNU) ကရင်တပ်စခန်းတွေကို ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင် (Democractic Karen Buddhist Army - DKBA) တွေ နဲ့ မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ကရင်တပ်စခန်းတချို့ ဆုံးရှုံးမှုရှိခဲ့ပေမယ့် ကေအန်ယူတပ်ဖွဲ့တွေကို အမြစ်ပြုတ်ချေမှုန်း နိုင်စွမ်းရှိမှာမဟုတ်သေးဘူးလို့ အကဲခတ်တွေက ယူဆပါတယ်။ အထူးသဖြင့် လက်ရှိတိုက်ပွဲတွေကြားမှာ နှစ်ဖက်ထိခိုက်ကျဆုံးသူတွေဟာ ကရင်လူမျိုးတွေသာဖြစ်သလို၊ ထွက်ပြေးဒုက္ခရောက်နေသူတွေမှာလည်း ကရင်လူမျိုး နယ်ခံတွေသာဖြစ်နေတာမို့ မြန်မာစစ်တပ်အနေနဲ့ ရှေ့ဆက်ပြီး ထင်သလိုလုပ်နိုင်မယ့်အနေအထား သိပ်မရှိဘူးလို့ ထိုင်းနယ်စပ်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ပြောဆိုပါတယ်။ လက်ရှိကရင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က စောင့်ကြည့်လေ့လာသုံးသပ်နေသူ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။