ဒီနေ့ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်တဲ့ မြန်မာနေရှင်နယ် လိဂ်ဖလား ဘောလုံးပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ မန္တလေး ရတနာပုံ FCအသင်းနဲ့ ရန်ကုန် ယူနိုက်တက် အသင်းတို့ အကြိတ်အနယ် ကစားခဲ့ ကြပါတယ်။ ပထမပိုင်းမှာ တဘက်တဂိုးနဲ့ ဒုတိယပိုင်းမှာလည်း တဘက် တဂိုးစီ ထပ်ပြီးတော့ မိနစ် ၉၀ ပြီးဆုံးတဲ့အထိ တဘက် ၂ဂိုးစီ ဖြစ်နေတာကြောင့် အချိန်ပို ၁၅မိနစ်စီ ကစားကြပါတယ်။ အချိန်ပို စုစုပေါင်း မိနစ် ၃၀မှာလည်း နောက်ထပ် ဂိုး မသွင်း နိုင်ကြတဲ့အတွက် ပင်နဲတီ ၅လုံးစီသွင်းပြီး ဆုံးဖြတ်တဲ့အခါမှာတော့ ရတနာပုံ အက်ဖ်စီအသင်းက ၄လုံးသွင်းပြီး ရန်ကုန် ယူနိုက်တက်ဘက်က ၁ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရတနာပုံ အက်ဖ်စီအသင်းက ရန်ကုန် ယူနိုက်တက်အသင်းကို စုစုပေါင်း ၆ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိပြီး ပထမဆုံး မြန်မာ နေရှင်နယ်လိဂ်ဖလား အသစ်ကြီးကို ရယူသွားခဲ့ပါတယ်။
ဒီနေ့ ဘောလုံးပွဲ လက်မှတ်တွေကို အထူးတန်း လက်မှတ် ၁စောင် ၃ထောင်၊ အရှေ့ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက် ပွဲကြည့်စင်အတွက် လက်မှတ် ၁၀၀၀နဲ့ ရောင်းချခဲ့ပြီးတော့ စုစုပေါင်းလက်မှတ် ၃၀၀၀ ပဲ ရောင်းခဲ့တာကြောင့် ဗိုလ်လုံးကွင်း ပြင်ပ မှာ လက်မှတ်ရသူများနဲ့ မရသူများကြား ခိုက်ရန်ဖြစ်ပွား အနည်းငယ်ရှိတယ်လို့ အားကစား ဝါသနာရှင်များက ပြောပြကြ ပါတယ်။