အမေရိကန် နဲ့ ရုရှားနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနဲ့ ဒုံးလက်နက် အစီအစဉ်တွေကို သိသိသာသာ လျှော့ချကြဖို့ အမေရိကန် သမ္မတ ဘရက် အိုဘားမား (Barack Obama) နဲ့ အမေရိကန် သမ္မတ ဒင်မင်ထရီ မက်ဗီးယားဒက်ဖ် (Dmitri Mededev) တို့ တနင်္လာနေ့က ရုရှားနိုင်ငံမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ အပြီးမှာတော့ အရင် ရုရှား သမ္မတဟောင်း ဖြစ်ခဲ့ ပြီးတော့ လက်ရှိ ဝန်ကြီးချုပ် ဖြစ်နေတဲ့ ဗလာဒီမီယာ ပူတင်း (Vladimir Putin) နဲ့ သမ္မတ အိုဘားမား တွေ့ဆုံဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ အိမ်မှာ ၁ နာရီခွဲလောက် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အမေရိကန် နဲ့ ရုရှားဆက်ဆံရေးအပေါ် မစ္စတာပူတင်း ရဲ့ ချဉ်းကပ်မှုဟာ နည်းလမ်းဟောင်းတွေ သုံးတဲ့ ချဉ်းကပ်မှုမျိုး ဖြစ်တယ်လို့ ရုရှားကို မထွက်ခွာမီမှာ သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ကျရင် သက်တမ်းကုန်တော့မယ့် ဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူ စာချုပ်နေရာမှာ အစားထိုးမယ့် သဘောတူညီချက်သစ်ကို အပြီးသတ် ရေးဆွဲနိုင်ရေးညွှန်ကြားချက်တွေကို မော်စကို မြို့တော်မှာ မနေ့က လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် နှစ်နိုင်ငံစလုံးမှာ နျူကလီးယား ထိပ်ဖူးပိုင်ဆိုင်မှုကို ၂,၆၇၅ ခုထက် မပိုရမှာဖြစ်သလို ဒုံးလက်နက် ပစ်စင်တွေကိုလည်း ၁,၁၀၀ ထက် မပိုစေရပါဘူး။