ကမ္ဘာ့စီးပွားရေး အကြပ်အတည်းဖြေရှင်းရေး ကုလသမဂ္ဂ ဆွေးနွေး

ကမ္ဘာနဲ့အဝန်း ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ပြီးခဲ့တဲ့ တပတ်ထဲတုန်းက ညီလာခံတရပ် ကျင်းပဆွေးနွေးခဲ့ကြပါတယ်။ ဒီလို စီးပွားရေး ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ အထဲမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေက အခက်အခဲတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက်ကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ ဒီလိုဆွေးနွေးမူတွေနဲ့အတူ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။