ဝက်တုပ်ကွေး ပညာပေး လူထုကြားမှာ မကျယ်ပြန့်သေး

A H1N1 ဝက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံအတွင်းမှာ လူတော်တော်များများ သတိထားမိလာခဲ့ပေမယ့် ကြိုတင်ကာကွယ်တဲ့ အဆင့်နဲ့ ပညာပေးသူတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံအတွင်း ကျေးလက်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလောက် ရောဂါဖြစ်ပွားတဲ့ သတင်းတွေ မထွက်သေးပေမယ့် တကယ်တမ်း ရောဂါပျံ့ပွားမှုတွေ ရှိလာခဲ့ရင်ရော ကျန်းမာရေးဌာနတွေက နိုင်နိုင်နင်းနင်း တာဝန်ယူ ကုသနိုင်ပါ့မလား၊ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။