အာဆီယံ စည်းဝေးပွဲဟာ မြန်မာ့နိုင်ငံရေးကို ထိရောက်မှု ရှိနိုင်သလား

အာဆီယံ ARF အစည်းဝေး တကြိမ် ပြီးသွားပြန်ပါပြီ။ အာဆီယံ အစည်းဝေးဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အသံသာ ကြားရပြီး အဆန်မပါတဲ့ သင်္ကြန် အမြောက်လိုပဲလား။ မြန်မာနိုင်ငံအကြောင်းကို အော်ကြီး ဟစ်ကျယ် ဒီတကြိမ် ပြောပြီးတော့ ခနအကြာမှာပဲ လေထဲမှာ ပျောက်ကွယ်သွားမယ့် အသံတွေလား ဆိုတာကို ဆွေးနွေးကြဖို့ အတွက် HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးအဖွဲ့က ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း၊ ထိုင်း-မြန်မာ နိုင်ငံရေးတွေကို လေ့လာ သုံးသပ်နေသူ သုတေသီ ကိုကျော်လင်းဦးတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။