မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ပဋိပက္ခ တရုတ်နိုင်ငံ သတိပေး

တရုတ်နိုင်ငံထဲကို ထောင်နဲ့ချီပြီး မြန်မာနိုင်ငံဘက်က အရပ်သားတွေ ထွက်ပြေးလာခဲ့ကြတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်စပ်ဒေသ ထိုးစစ်ဆင်မှုတွေကို ရပ်ပစ်ဖို့ တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသက တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ မြန်မာအာဏာပိုင်တွေဘက်က ပြည်တွင်းရေး ပြဿနာကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းမယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကျန်ယူး (Jiang Yu) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဂျနီဗာ ကုလသမဂ္ဂရုံးချုပ် ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ကတော့ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်နယ်ထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ တစ်သောင်းကနေ သုံးသောင်းအကြား ရှိနေနိုင်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။