ထိုင်းနိုင်ငံက မြန်မာအိမ်ဖော်မလေးများ

မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်များကြောင့် မိသားစုဝမ်းရေးကို ကျားမကြီးငယ်မရွေး ရင်ဆိုင်ဖြေရှင်းနေရာမှာ တိုင်းတပါးကိုထွက်ပြီး ရရာအလုပ်လုပ်နေကြရတဲ့ အမျိုးသမီးထုလည်း ပါဝင်နေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံခြားသားတွေ၊ ထိုင်းနိုင်ငံသားတွေရဲ့ အိမ်ဖော်အဖြစ် အလုပ်လာလုပ်နေကြတဲ့ မြန်မာအမျိုးသမီးတွေကို အများအပြား မြင်တွေ့နေရပါပြီ။ နယ်စပ်ဒေသရွာများမှအပြင် မြန်မာနိုင်ငံမြို့ကြီးပြကြီးတွေကပါ လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားရေးရာများကို ကူညီဆောင်ရွက်ပေး နေတဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (Thai Action Committee for Democracy in Burma) မှ ဦးမြင့်ဝေ ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။