သုံးနှစ်မြောက် အာဏာသိမ်းနှစ်ပတ်လည်နေ့ ထိုင်းနိုင်ငံမှာ ဆန္ဒပြ

ပြည်ပရောက် ယခင်ဝန်ကြီးချုပ် တက်ဆင်ရှင်နဝဒ် ကို ထောက်ခံသူ ၂ သောင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မိုးသည်း နေတဲ့ကြားက မစ္စတာ တက်ဆင် ဗွီဒီယိုကနေ ပြောတဲ့မိန့်ခွန်းကို စုရုံးနားထောင်ခဲ့ကြပါတယ်။

မစ္စတာ တက်ဆင် က ရွေးကောက်ပွဲအသစ် ကျင်းပဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ တီရှပ်အနီရောင်ဝတ် မစ္စတာ တက်ဆင်ကို ထောက်ခံသူတွေက အာဏာသိမ်းတဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့မှာ အခုလို စုဝေးခဲ့ကြတာပါ။ ဒီအာဏာသိမ်းပွဲကပဲ မစ္စတာ တက်ဆင်ကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

မစ္စတာ တက်ဆင် စကားပြောနေတဲ့အချိန်မှာ ရဲနဲ့ စစ်သားတွေက ဆန္ဒပြနေသူတွေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ ကြမ်းရမ်းတဲ့ ပွဲပျက်တဲ့သတင်းတွေကို မကြားခဲ့ရပါဘူး။

မစ္စတာ တက်ဆင်ပြုတ်သွားတဲ့ သုံးနှစ်မှာ ထိုင်းနိုင်ငံရဲ့ အခြေအနေက ကျသွားခဲ့ပါတယ်။ ပုံမှန်ပြန်ဖြစ်အောင် လုပ်ချင်ပါ တယ်လို့ မစ္စတာ တက်ဆင်က ဗွီဒီယိုကတဆင့် ပြောပါတယ်။

သီးခြားဖြစ်ရပ်တခုမှာတော့ ထိုင်းနိုင်ငံရဲ့ ဘုရင်ကိုလိုလားသူ တီရှပ်အဝါဝတ်သူတွေက တီရှပ်အနီဝတ်သူတွေနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းရှိရာကို တီရှပ်အဝါတွေက အသွားမှာ အချင်းများခဲ့ကြတာပါ။ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောကြပါတယ်။