၀န်ထမ်းဟောင်းများ၏ စားလို့မရသော ပင်စင်

မြန်မာနိုင်ငံမှာ မရှိဆင်းရဲလို့ တောင်းစားနေရတဲ့ သက်ကြီး ရွယ်အိုတွေထဲမှာ ပင်စင်စား ဝန်ထမ်းတွေလည်း အများအပြား ပါဝင်နေပါတယ်။ လက်ရှိဝန်ထမ်းတွေကို လစာတိုးပေးတဲ့ အထဲမှာ ဒီလို ဆင်းရဲ နွမ်းပါးတဲ့ ပင်စင်စားတွေကို ချန်လှပ်ထားခဲ့တဲ့ ကိစ္စကို ဆွေးနွေးဖို့ အတွက် ရန်ကုန်တက္ကသိုလ် စီးပွားရေး ပါမောက္ခဟောင်း ဆရာဦးမော်သန်း၊ ရုက္ခဗေဒ ပါမောက္ခဟောင်း ဆရာ ဦးညွန့်လွင်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။