မြန်မာစစ်အစိုးရကျင်းပပြုလုပ်မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ဆောင်ဖို့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ (15th ASEAN Summit) မှာ မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပါဝင်နိုင်တယ်လို့လည်း အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ညီလာခံ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦး, က ရှင်းလင်းတင်ပြထားပါတယ်။