ရန်ကုန်က ဂျူး ဘုရားကျောင်း ပြုပြင်မှု

မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားတဲ့ အမေရိကန် စီးပွါးရေးဒဏ်ခတ် အရေးယူမှုတွေကြောင့် အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုအကြား စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာရပ်ဆိုင်ရာ အကူအညီပေးမှုတွေမှာ ပြဿနာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဝါရှန်တန် အခြေစိုက် US-ASEAN Business Council လို့ခေါ်တဲ့ အာဆီယံနဲ့ အမေရိကန် စီးပွါးရေး ပိုမိုပူးတွဲလုပ်ဆောင်ရေး တွန်းအားပေးမယ့် ပုဂ္ဂလိကအဖွဲ့ အစည်းတခုအနေနဲ့ မြန်မာနိုင်ငံအတွင်းက အစိုးရနဲ့မသက်ဆိုင်တဲ့ လူမှုရေးကူညီမှု ပရောဂျက် (project) တခုကို မကြာခင်က စတင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဂျူးလူမျိုးတွေရဲ့ ဝတ်ပြုကျောင်းတခုနဲ့ ဂျူးသင်္ချိုင်းမြေနေရာကို ပြုပြင်မွမ်းမံပြီး သမိုင်းအထိမ်းအမှတ်တခု မပျောက်ပျက်ရေး US-ASEAN Business Council က ကူညီပေးနေတာပါ။ အကြောင်းစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

Burmese Version


English Version