နိုင်ငံရေးကြောင့် စီးပွါးပျက်ရသူများ

နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တက်တက်ကြွကြွလှုပ်ရှားသူတွေဟာ မြန်မာစစ်အစိုးရရဲ့ဖမ်းဆီး အကျဉ်းချတာတွေကို ခံနေရတာကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ စစ်အစိုးရ အာဏာပိုင်တွေဟာ ဒီလိုနိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေအပြင် စီးပွားရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေပါ လုပ်ခွင့်မရှိအောင် ပိတ်စို့တားမြစ်ထားတာကြောင့် မိသားစုတွေပါ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ကြရပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။