ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကနေ သဘာ၀ ပတ်ဝန်းကျင် ရေးရာ ခိုင်မာအားကောင်းတဲ့ ကတိပြုမှုတွေထွက်လာရေး ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူတွေက တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ကမ္ဘာတဝန်း လုပ်ခဲ့ကြပါတယ်။
ညီလာခံကျင်းပရာ ကိုပင်ဟေဂင်မြို့မှာ လူ ၃ သိန်းလောက် စနေနေ့က လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။ သူတို့ဟာ စာတန်းတွေ ကိုင်ဆောင်၊ ကြွေးကြော်သံတွေ အော်ဟစ် ချီတက်ခဲ့ကြသလို တချို့ကတော့ ကမ္ဘာကြီးပူနွေးလာတာကြောင့် မျိုးတုန်း ပျောက်ကွယ်မယ့်အရေး ကြုံနေရတဲ့ ပိုလာ ဝက်ဝံတွေလို ဝတ်စားဆင်ယင်ပြီး လမ်းလျှောက်ခဲ့ကြပါတယ်။ တချို့ ဆန္ဒပြသူတွေက ရေဘူးတွေနဲ့ပေါက်၊ ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲခဲ့ကြပြီးတဲ့နောက် ဆန္ဒပြသူ ၆၀၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာတော့
ပူနွေးမှုကို ဆန့်ကျင်လမ်းလျှောက်ခြင်းဆိုတဲ့ ချီတက်ပွဲမှာ ခန့်မှန်းခြေ လူ ၄၀,၀၀၀ လောက်
ပါဝင်ခဲ့ကြတယ်လို့ စီစဉ်သူတွေကေ ပြာပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်၊ အင်ဒိုနီးရှားနိုင်ငံ၊
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် နဲ့ တိုင်ပေတို့မှာလည်း ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။