ပီရူး တရားရုံးချုပ်က သမ္မတဟောင်း ဖူဂျီမူရီအပေါ် ထောင်ဒဏ် ၂၅ နှစ် ချမှတ်

ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူရီမူရီ (Alberto Fujimori) ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ထားတဲ့ စီရင်ချက်ကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပြင်ဆင်ခြင်းမပြုဖို့ တခဲနက် ဆုံးဖြတ်လိုက်ပါတယ်။

အာဏာရထားစဉ်မှာ သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ သမ္မတဟောင်းကို အောက်ရုံးက ပြစ်ဒဏ် စီရင်ထားတာ ဖြစ်ပါတယ်။

လူပေါင်း ၂၅ ယောက် သေဆုံးခဲ့ရတဲ့အထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၂ ခုကို စစ်တပ်ရဲ့ သေနတ်ပစ် တပ်ဖွဲ့က ဆောင်ရွက်ဖို့ အမိန့်ပေး စေခိုင်းခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တရားသူကြီး ၃ ဦး ပါဝင်တဲ့ တရားရုံးက ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။