၂၀၀၉ ခုနှစ်ရဲ့ အာရှစီးပွားရေး အခြေအနေနဲ့ ၂၀၁၀ အလားအလာ

ကုန်လွန်ခဲ့တဲ့နှစ်ထဲမှာ ကမ္ဘာတဝန်း စီးပွားရေး အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ကျိုးပမ်းကြတဲ့ အထဲ အာရှတလွှား နိုင်ငံတွေမှာ အလားအလာတွေ ပိုကောင်းနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့်ကတော့ တရုတ်၊ အိန္ဒိယတို့လို စီးပွားရေး ဖွံ့ဖြိုးမှုတွေ အလျှင်အမြန်ကြီးထွားလာနေတဲ့ နိုင်ငံတွေက ၂၀၀၉ ခုနှစ် တလျှောက် ကြုံခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကနေ ပြန်လည်နာလန်ထူလာစေဖို့ ဦးဆောင်သွားဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေ အကဲခတ်တွေက ဆိုနေကြတာပါ။ အာရှ နိုင်ငံတွေရဲ့ ကုန်လွန်ခဲ့တဲ့နှစ် ကြုံခဲ့ရတဲ့ အခြေအနေတွေ၊ ရှေ့လာမယ့်နှစ် စီးပွားရေး အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်း ပြောပြပေးမှာပါ။