သရော်စာပေ

Satire လို့ ခေါ်တဲ့ သရော်စာပေကို ဖန်တီးရေးသားသူတွေဟာ ရသစာပေလောကမှာ လူနည်းစုပါ။ ဘာကြောင့်လဲဆိုတော့ ဖန်တီးရခက်ခဲလို့ပါပဲ။ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာတော့ သရော်စာပေထွန်းကားမှုက တခြားနိုင်ငံတွေထက် ပိုပြီးအားနည်းပါတယ်။ သရော်စာပေဆိုတာက အနုပညာမြောက်တဲ့ ဝေဖန်ရေးတမျိုးဖြစ်တဲ့အကြောင်း စာရေးဆရာ မင်းလူရဲ့ ပြောဆိုချက်တွေကို ကိုကျော်အောင်လွင်က တင်ဆက်ပေးပါလိမ့်မယ်။