တာလီဘန် တိုက်ခိုက်မှုကြောင့် ကဘူးလ်မှာ အနည်းဆုံး လူ ၄၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် လက်နက်ကိုင်တွေနဲ့ အသေခံ ဗုံးခွဲသူတွေက မြို့တော် ကဘူးလ်က အစိုးရ ဝန်ကြီးဌာနတွေနဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထားပြီး အကြီးအကျယ် ထိုးစစ်ဆင်နေပါတယ်။

အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာလီဘန် သူပုန်တွေ အပြင်းအထန် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြရာမှာ ကလေးငယ်တဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ အနည်းဆုံး အသေခံ ဗုံးခွဲသမား ၄ ယောက်လည်း သေဆုံးခဲ့ပါတယ်။ အရပ်သား၊ အစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တွေထဲက အယောက် ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီနေ့မနက် ကဘူးလ်မြို့လယ်ကောင်မှာရှိတဲ့ သမ္မတအိမ်တော် အနီးမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ စတင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြို့လယ်ကောင်အပြင် မြို့ပြင်တနေရာက ရုပ်ရှင်ရုံ တရုံနားမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ကတော့ အခြေအနေတွေ အားလုံးကို ထိန်းထားနိုင်ပြီလို့ ပြောခဲ့ပါတယ်။