မြန်မာ အမေရိကန် ဆက်ဆံရေး နဲ့ အာဆီယံ

အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်နိုင်မယ့် အခွင့်အလမ်းတွေကို လမ်းဖွင့်ပေး ထားဆဲဖြစ်ပြီး တကယ်တမ်း တိုးတက်အောင် ရှေ့တိုးဆောင်ရွက်ဖို့ဟာ မြန်မာအစိုးရဘက်မှာ မူတည်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း သံတမန်တဦးက ပြောဆိုပါတယ်။ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီး (ASEAN - Association of Southeast Asian Nations) အနေနဲ့လည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့အကြောင်း အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ အသေးစိတ်ကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။