ရေ မီး မှန်မှန်မရတဲ့အပေါ် အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေရဲ့ ရင်ဖွင့်သံ

အပူချိန် ၁၀၂ ဒီဂရီအထိ တက်နေတဲ့ အခုလို နွေရာသီအချိန်မှာ လျှပ်စစ်မီး မကြာခဏ ပျက်လို့ မြန်မာနိုင်ငံမှာရှိကြတဲ့ အများပြည်သူတွေ အတော်လေး ဒုက္ခရောက်ကြရ တယ်ဆိုတဲ့ ငြီးတွားသံတွေလည်း ထွက်ပေါ်နေပါတယ်။ အိမ်ထောင့်တာဝန်ကို အဓိက ယူကြရတဲ့ မြန်မာအမျိုးသမီးတွေက ဒီဒုက္ခအကြောင်း ဘယ်လို ရင်ဖွင့်ခဲ့ကြပါသလဲ….. ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။