နိုဝင်ဘာလကုန်ပိုင်း ရွေးကောက်ပွဲလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ကမ်းလှမ်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က လမ်းတွေကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြနေသူတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဉ် တရပ်ကို လက်ခံမယ်ဆိုရင် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က ပြောဆိုလိုက်ပါတယ်။

အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဒီနေ့ နိုင်ငံတော်ကို ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောဆိုရာမှာ ဝန်ကြီးချုပ်က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

ဒါပေမဲ့လည်း နိုဝင်ဘာလ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေဟာ ကန့်သတ်ချက်နဲ့သာ ဖြစ်ပြီး ဆန္ဒပြသူတွေဘက်က လိုက်လျောမှုတွေ လုပ်မှသာ သူ့ဘက်ကလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။