အာကာသကထဲကနေကြွေကျလာတဲ့ ဥက္ကာခဲတခုကြောင့် ရုရှားနိုင်ငံ Ural တောင်တန်းဒေသ မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ပြတင်းမှန်တွေကွဲကုန်တဲ့ ဖြစ်ရပ်တခု သောကြာနေ့မနက်က ဖြစ်ခဲ့တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဥက္ကာခဲရဲ့ဒဏ်ကြောင့် ရုရှားနိုင်ငံ CHELYABINSK ဒေသမှာ ပြတင်းမှန်တွေကွဲကုန်ပြီး လူ ၇၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် Chelyabinsk သွပ်စက်ရုံ အမိုးနဲ့နံရံတွေ ပျက်စီးကုန်တယ်လို့ ဒေသတာဝန် ရှိသူတွေက အတည်ပြုပြီး မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်လည်း ပြတ်တောင်း ပြတ်တောင်းဖြစ်နေ တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေလည်း အဲဒီဒေသမှာ ရောက်နေကြပြီလို့ ရုရှား အရေးပေါ် ကယ်ဆယ်ရေးဌာနက ကိုယ်စားလှယ်တဦးဖြစ်သူ Vladimir Stepanov က ပြောပါတယ်။
ကမ္ဘာမြေပေါ်ကျလာမယ်လို့ တွက်ဆထားကြတဲ့ 2012 DA 14 ခေါ် ကြယ်ပုံ ဥက္ကာခဲတခု မြေကြီးနဲ့ မထိခင် နာရီပိုင်းအလို ဥက္ကာခဲတခုက Russia နိုင်ငံနယ်မြေပေါ်ကို ကျလာခဲ့ပြီး ပျက်စီးမှုတွေ ဖြစ်ခဲ့ တာပါ။ အနံ ၄၅ မီတာ ရှိတဲ့ အဲဒီ ကြယ်ပုံဥက္ကာခဲဟာ ကမ္ဘာမြေနား ၁၆,၇၇၇ မိုင် အကွာအထိ ကပ်လာနိုင်တယ်လို့ အမေရိကန် အာကာသသိပ္ပံအဖွဲ့ NASA က ပြောပါတယ်။ ဒါပေမဲ့ ကြယ်ပုံ ဥက္ကာခဲဟာ ကမ္ဘာမြေကို ထိမှန် အန္တာရာယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း NASA ကပြောဆိုထားပါတယ်။
သောကြာနေ့က Russia နိုင်ငံပေါ် ကြွေကျလာတဲ့ဥက္ကာခဲနဲ့ ကြယ်ပုံဥက္ကာခဲကြား ဆက်နွယ်ပတ်သက်မှု မရှိဘူးလို့ ဥရောပအာကာသအေဂျင်စီက twitter စာမျက်နှာကနေ ပြောဆိုထားပါတယ်။