တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲသင့်မသင့် ဒီနေ့လွှတ်တော်မှာ မဲခွဲဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။ အတိုက်အခံ လွှတ်တော်အမတ်တွေက ဒီနေ့ လွှတ်တော်မှာ မဲခွဲဖို့ လုပ်ပေမဲ့ သမ္မတရဲ့ အာဏာရ People Power ပါတီအမတ်တွေ လွှတ်တော်ခန်းမထဲကနေ ကန့်ကွက်ထွက်ခွာခဲ့ကြတာမို့ မဲခွဲရေး မအောင်မြင် ဖြစ်ခဲ့ပါတယ်။
အောက်လွှတ်တော်မှာ အတိုက်အခံအမတ်တွေ အများစုဖြစ်ပေမဲ့ အတည်ပြုချက်အတွ က်လိုတဲ့မဲ ၃ ပုံ ၂ ပုံ ရဖို့က အာဏာရပါတီအမတ်တွေရဲ့ မဲ ၈ မဲ လိုအပ်ပါတယ်။ PPP ပါတီအမတ်တယောက်ကလွဲလို့ ကျန်တဲ့အမတ်အားလုံး လွှတ်တော်ခန်းမထဲက ထွက်သွားခဲ့ကြတာပါ အတိုက်အခံတွေဘက်ကတော့ မဲခွဲနိုင်အောင် ထပ်ကြိုးစားမယ်လို့ ပြောပါတယ်။
ဒီနေ့အစောပိုင်းကတော့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် သမ္မတ Yoon Suk Yeol က ဒီနေ့ ရုပ်မြင်သံကြားပေါ်ကနေ တောင်းပန်ခဲ့ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ဥပဒေကြောင်းအရရော၊ နိုင်ငံရေးအရပါ တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေး ကြေငြာပြီးနောက် ပထမဆုံးအကြီမ် အများပြည်သူရှေ့ ပြန်လည်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။