ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်မှုဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ် (တက်ကြွလှုပ်ရှားသူများ)

ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်


[[Zawgyi/Unicode]]

မြန်မာနိုင်ငံက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကွပ်မျက်လိုက်တာဟာဥပဒေမဲ့ လူမဆန်တဲ့လုပ်ရပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန် ပြောဆိုကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော် ကိုလှမျိုးအောင် ကိုအောင်သူရဇော်တို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်လုံးဝ စီရင်ပြီးစီးကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေမှာဖော်ပြခဲ့တာပါ။ အဲဒီသတင်းကြောင့် မိသားစုဝင်တွေက အင်းစိန်ထောင်ကိုလိုက်သွားတဲ့အခါမှာ ဒုတိယထောင်ပိုင်က သတင်းစာထဲကအတိုင်းပဲဆိုတာကိုပဲ အတည်ပြုပြောကြားပါတယ်။ သေဆုံးသွားတယ်ဆိုတာရယ်၊ ဘယ်နေ့ဘယ်ရက်မှာ သေဒဏ်စီရင်လိုက်တယ်ဆိုတာရယ်ကို ပြောခွင့်မရှိဘူးလို့ငြင်းဆိုခဲ့ပြီး သေဆုံးသူတွေရဲ့Dead Body ပေးဖို့မရှိဘူးလို့လည်း ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။ ဒီလိုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက အခုလိုပြောပါတယ်။

“ဥပဒေမရှိဘဲနဲ့လုပ်ချင်တာလုပ်နေကြတာချည်းပါ။ မြန်မာပြည်မှာက ဥပဒေက မဲ့နေတယ်။ ဥပဒေမရှိတဲ့တိုင်းပြည်မှာ ဥပဒေမရှိဘဲ ဖြေရှင်းနေကြတာပဲ။ ကိုဂျင်မီက Dead Body ရချင်လည်းရမယ်၊ မရချင်လည်းမရဘူး။ ကိုဂျင်မီတို့ရဲ့စိတ်ဓါတ်က တတိုင်းပြည်လုံးကို ပျံ့နှံ့သွားပြီ။ တနိုင်ငံလုံး ပျံ့နှံ့သွားပြီ။ လူတယော်ကိုသတ်ချင် သတ်လို့ရမယ်။ စိတ်ဓါတ်ကိုတော့ သတ်မရပါဘူး။”

သေဒဏ်ပေးခံရသူတွေကို ဖမ်းဆီးခံရချိန်ကစလို့ မိသားစုနဲ့တွေ့ခွင့်မပေးဘဲထားရာကနေ ပြီးခဲ့တဲ့သောကြာနေ့ကတော့ ဗွီဒီယိုကွန်ဖရင့်ကနေ မိသားစုနဲ့စကားပြောဖို့ ခနတာခွင့်ပြုခဲ့တာပါ။ သူတို့ဟာ ဖမ်းဆီးခံရပြီးကတည်းက အခုသေဆုံးခဲ့ရတဲ့အဖြစ်အပျက်အထိ လူအခွင့်ရေးချိုးဖောက်ခံရတယ်လု့ိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကလည်းပြောပါတယ်။

“ဒါကတော့ လုံးဝကို မတရားတာပါ။ ကိုဂျင်မီတို့ကိုဖမ်းမိပြီးကတည်းက ဘယ်သူနဲ့မှ ပေးမတွေ့ဘူး။ တွေ့ခွင့်မပေးဘူး။ ထောင်တွင်းအခွင့်အရေးတွေ ဆုံးရှုံးတယ်။ အခုပြီးတော့ တဖက်သတ် စီရင်ချက်ချပြီးတော့ နောက်ဆုံး သေဒဏ်ကိုစီရင်တယ်ဆိုတာကတော့ လူအခွင့်ရေးအရပဲကြည့်ကြည့်။ လုံးဝ မတရားတဲ့လုပ်ရပ်တခုပဲလို့ ကျနော်တို့ကမြင်တယ်။ Dead Body ကိုလည်း လုံးဝမပြန်မပေးဘူး။ အမှန်က ထောင်ဥပဒေအရ မိသားစုကိုခေါ်ပြရမယ်။ သေဒဏ်ပေးခဲ့တယ်ဆိုရင်တောင် အသက် ဝိဉာဉ်မရှိတဲ့ Dead Body ပြန်ပေးရမယ်။ ဒါကိုဥပဒေမှာလည်း ဖော်ပြပြီးသားပဲ။ ဒါကို အကုန်လုံးချိုးဖောက်တာပဲ။ Dead Body ကိုလည်း သူတို့ကလုံးဝ ပြန်မပေးခဲ့ဘူး။”

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ် ပေးကွက်မျက်လိုက်တဲ့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ အတော်ကို စိတ်ဆိုးဒေါသထွက်ကြသလို စိတ်ထိခိုက်ကြရတယ်လို့လည်း တက်ကြွ လှုပ်ရှားသူတွေကဆိုပါတယ်။ စစ်ကောင်စီရဲ့အခုလိုလုပ်ရပ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့ကလည်း ဝေဖန်ခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်မှုဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ် (တက်ကြွလှုပ်ရှားသူများ) .mp3

=============


[[Unicode]]

ကိုဂငြျမီနဲ့ ကိုဖွိုးဇယြောသောျတို့ကို ကှပျမကြျမှုဟာ ဥပဒမေဲ့လုပျရပျဖွဈ (တကျကွှလှုပျရှားသူမြား)





