ဘော်စတွန်မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးဖေါက်ခွဲခဲ့သူအဖြစ် စွပ်စွဲခြင်းခံထားရသူ Dzhokhar Tsarnaev ရဲ့အမှုအတွက် အစိုးရရှေ့နေနဲ့ တရားခံ ရှေ့နေ နှစ်ဘက်စလုံးက နောက်ဆုံးလျှောက်လဲချက်တွေကို ပေးခဲ့ကြပြီးဖြစ်ပါတယ်။
လူသုံးဦးသေဆုံးခဲ့တဲ့ ၂ဝ၁၃ ဧပြီလ (၁၅) ရက်နေ့က တိုက်ခိုက်မှုမှာ သူပါဝင်ခဲ့တဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သူ့ကို ကွပ်မျက်ဖို့သင့်မသင့်ကို အဓိက နှစ်ဖက်လျှောက်လဲခဲ့ကြတာဖြစ်ပါတယ်။
နောက်သုံးရက်အကြာမှာ ရဲအရာရှိတဦး အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီးတော့လည်း Tsarnaev ကို စွဲချက်တင်ထားပါတယ်။
သူ့ကို ဂျူရီခုံးရုံးက ပြစ်မှုထင်ရှားတွေ့ရှိရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆုံးဖြတ်ဖို့ သက်သေအထောက်အထားတွေကို ထပ်မံ ကြားနာကြမှာဖြစ်ပါတယ်။
တရားခံရှေ့နေတွေဘက်ကတော့ Tsarnaev ဟာ သိပ်မသိ နားမလည်တဲ့ကောလိပ်ကျောင်းသားတဦးဖြစ်ပြီး အစွန်းရောက် အကိုဖြစ်သူ Tamerlan ရဲ့ ကြိုးကိုင်မှုအောက်မှာ ရောက်နေခဲ့သူဖြစ်တယ်လို့ လျှောက်လဲခဲ့ကြပါတယ်။ အကိုဖြစ်သူဟာ ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲခဲ့ပြီး လေးရက်အကြာ ရဲနဲ့ သေနတ် အပြန်အလှန်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူဖြစ်ပါတယ်။
တကယ်လို့ Dzhokhar Tsarnaevမှာ ပြစ်မှုထင်ရှားတွေ့ရှိခဲ့ရင် သေဒဏ် ဒါမှမဟုတ် လျှော့ရက်မရှိ ထောင်ဒဏ် တသက်တကျွန်းကျခံရဖွယ်ရှိပါတယ်။