အာဖဂန်တာလီဘန် ခေါင်းဆောင်သစ် ခန့်အပ်

အာဖဂန်တာလီဘန် ခေါင်းဆောင်သစ် Mawlawi Haibatullah Akhundzada

အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးသွားပြီးတဲ့နောက် Mawlawi Haibatullah Akhundzada ကို အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီလို့ တာလီဘန်တွေက ကြေညာပါတယ်။

Mansoor ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် အဝေးထိန်း ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်ဆိုတာကို လည်း ပက်ရှ်တိုဘာသာနဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ တာလီဘန်တွေက တရားဝင် အတည်ပြုထားပါတယ်။

Shura လို့ခေါ်တဲ့ အမြင့်ဆုံးကောင်စီမှာ တညီတညွတ်ထဲ သဘောတူညီပြီးတဲ့နောက် Mawlawi Haibatullah Akhundzada ကို Islamic Emirate (တာလီဘန်) အဖွဲ့ရဲ့ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း၊ shura အဖွဲ့ဝင်အားလုံးက သူ့ကို သစ္စာခံမယ်လို့ ကတိပြုကြတဲ့အကြောင်း တာလီဘန်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mansoor ဟာ အာဖဂန်ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို တားဆီး ပိတ်ဆို့နေတဲ့အတွက် သုတ်သင်လိုက် တာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက တနင်္လာနေ့မှာ အတည်ပြုပါတယ်။

အခု တာလီဘန်ခေါင်းဆောင်သစ်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Haqqani အကြမ်းဖက်ဝါဒီ ကွန်ယက်အဖွဲ့ရဲ့ခေါင်းဆောင် Sirajuddin Haqqani နဲ့အတူ Mansoor ရဲ့ လက်ထောက်တဦးအဖြစ် လုပ်ခဲ့သူပါ။

Haqqani က လက်ထောက်အဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး တာလီဘန်အဖွဲ့ကိုထူထောင်သူ Mullah Yaqoob ရဲ့သားဖြစ်သူကိုတော့ တာလီဘန်ခေါင်းဆောင်သစ်ရဲ့ ဒုတိယလက်ထောက်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အာဖဂန်တာလီဘန် ခေါင်းဆောင်သစ် ခန့်အပ်

Your browser doesn’t support HTML5

အာဖဂန်တာလီဘန် ခေါင်းဆောင်သစ် ခန့်အပ်