အာဖဂန်မှာပျောက်နေတဲ့ အမေရိကန်စစ်သား ၂ ဦး နေတိုးတပ်ဖွဲ့ ရှာဖွေ

အာဖဂန်နစ္စတန်နိုင်ငံကာဘူး မြို့တော်မှာရှိတဲ့ နေတိုးတပ်ဖွဲ့အခြေစိုက်ရာဝင်းထဲကနေ သောကြာနေ့က မော်တော်ကားနဲ့ ပြင်ပကို ထွက်ခွာသွားခဲ့တဲ့ အမေရိကန်စစ်သာ ၂ ဦး လုံးဝပြန်ရောက်မလာတဲ့အတွက် လိုက်လံရှာဖွေနေကြောင်း နေတိုးအရာရှိတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။

သူတို့ကို ကာဘူးမြို့တော် တောင်ဘက်က လိုဂါခရိုင်ထဲမှာ သံချပ်ကာကား မောင်းသွားကြတာကို နောက်ဆုံးတွေ့ခဲ့ကြရတယ်လို့ စနေနေ့မှာ အာဖဂန်အရာရှိတွေက ပြောပါတယ်။

အမေရိကန်စစ်သား၂ ဦးဟာ သူပုန်တွေထိန်းချုပ်ထားတဲ့ Charkh ခရိုင်ထဲကို ကားမောင်းသွားခဲ့တယ် လို့ဆိုပါတယ်။ တာလီဘန်အရာရှိ တွေကတော့ Charkh ဒေသမှာ အမေရိကန်စစ်သား ၂ဦး ကိုသူတို့ ဖမ်းဆီးခဲ့တယ်လို့ ကြေငြာခဲ့ပြီး တဦးကိုသတ်ပစ်ခဲ့တယ်လို့ သတင်း ထောက်တွေကိုပြောပါတယ်။

ဒီစစ်သား၂ဦး လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး သတင်းတစုံတရာပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၂ သောင်းပေးမယ်လို့ ဒေသတွင်း ရေဒီယို အသံလွှင့်ဌာနတွေက ကြေငြာခဲ့ပါတယ်။