အာဖဂန် "အမျိုးသမီး အသံ" ထုတ်လွှင့်ခွင့် ပြန်ရ

Your browser doesn’t support HTML5

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းက အမျိုးသမီးတွေ ဦးစီးလုပ်ကိုင်တဲ့ ရေဒီယိုအသံလွှင့်ဌာန တခုဟာ ထုတ်လွှင့်မှုတွေ ပြန်လည်စတင် နိုင်ခဲ့ပါတယ်။ ဒေသဘာသာစကား ဒါရီ လို “ဆာဒိုင်းဘာနာဝမ်- အမျိုးသမီးအသံ” လို့ အမည်ရတဲ့ အဲဒီ ရေဒီယိုလိုင်းဟာ မွတ်ဆလင် ဝါတွင်းဥပုသ်လမှာ သီချင်းထုတ်လွှင့်ခဲ့လို့ တာလီဘန်တွေကပိတ်ခဲ့တာပါ။