အာဖဂန်နစ္စတန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လုံခြုံရေးအတွက် အန္တရာယ်ပေးနိုင်သူအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အကျဉ်းသား ၇၂ ဦးကို ပြန်လွှွတ်ပေးဖို့စီစဉ်နေတယ်လို့ အာဖဂန်နစ္စတန် အရာရှိတွေက ပြောပါတယ်။
အခုလို ဆုံးဖြတ်တာဟာ အမေရိကန်နဲ့ အာဖဂန် ၂ ဘက်အစိုးရ တွေကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုဆိုးစေမယ်လို့ ခန့်မှန်းကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်တပ်တွေ ဆက်ပြီး ချထားရေးဆိုင်ရာ လုံခြုံရေး သဘောတူညီချက်ကို အာဖဂန်ဘက်က လက်မှတ်ရေးထိုးဖို့ ကြန့်ကြာနေတာနဲ့ ပါတ်သက်ပြီး ၂ နိုင်ငံဆက်ဆံရေး မပြေမလည်ဖြစ်နေတာပါ။
အာဖဂန်သမ္မတ Hamid Karzai ရုံးကထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ အကျဉ်းသား ၈၈ ယောက်ရဲ့ အမှုကို ပြန်လည်စစ်ဆေးရာမှာ ၄၅ ယောက်အတွက် ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးနိုင်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရပဲ ၂၇ ယောက်အတွက်တော့ ရုံးတင်ပြီး တရားစွဲဖို့ရာ သက်သေအထောက်အထား လုံလောက်မှု မရှိဘူးလို့ ဖေါ်ပြထားတာပါ။ ကျန် ၁၆ ယောက်ကတော့ အမှုရင်ဆိုင်ဖို့ ဆက်ပြီး ဖမ်းဆီးထားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပါတ်ထဲ အာဖဂန်နစ္စတန် နိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေပါဝင်တဲ့ အဖွဲ့ကတော့ ဒီ Bagram အကျဉ်းထောင်မှာ ချထားသူတွေကို ရုံးတင် တရားရင်ဆိုင်မှု မလုပ်စေပဲ လွှတ်ပေးလိုက်မယ် ဆိုရင် ၂ နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေလာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။
ဒီ အကျဉ်းသား ၈၈ ယောက်ဟာ နိုင်ငံတကာ မဟာမိတ်တပ်သား ၆၀ ကျော်နဲ့ အာဖဂန်နိုင်ငံသား ၅၇ ယောက်တို့ အသတ်ခံရမှုတွေမှာ တာဝန်ရှိသူတွေလို့ အမေရိကန် အရာရှိတွေကပြောပါတယ်။