ထိုင်းနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးပိုးတွေ့ရှိ

ဝက်တုပ်ကွေး

[[Zawgyi/Unicode]]

Nakhon Pathom နယ်မှာရှိတဲ့သားသတ်ရုံကယူခဲ့တဲ့နမူနာမှာ အာဖရိကဝက်တုပ်ကွေးပိုးကို တွေ့ခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက အင်္ဂါနေ့က ပြောကြပါတယ်။ ဒါဟာ ပထမဆုံး တရားဝင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အိမ်မွေးဝက် သေဆုံးသွားရာကနေ ဝက်တုပ်ကွေးပိုးကိုတွေ့ခဲ့တယ်လို့ အရင်လတုန်းက Kasetsart တက္ကသိုလ်ရဲ့ဓာတ်ခွဲခန်းက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဝက်မွေးမြူရေးလုပ်ငန်းတွေကြားမှာ ဝက်တုပ်ကွေး ပျံ့နှံ့နေပြီး ဖြစ်တယ်ဆိုတဲ့ မှန်းဆချက်တွေ မကြာမီ ရက်သတ္တပတ်တွေ အတွင်း က ထွက်ပေါ်လာပြီးတဲ့နောက် အာဏာပိုင်တွေက သားသတ်ရုံတွေ က နမူနာတွေကို ဓာတ်ခွဲ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဝက်မွေးမြူရေးခြံ ၁၀ ခြံနဲ့ သားသတ်ရုံ ၂ ရုံက နမူနာ ၃၀၉ ခုထဲကနမူနာတခုမှာ ခုလို တွေ့ရှိရတာပါ” လို့ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဌာန ညွှန်ကြားရေးမှူးချုပ် Sorravis Thaneto က ပြောပါတယ်။

ပိုးတွေ့ခဲ့ရာနေရာရဲ့ ၃ မိုင်ပတ်လည်ကို ကူးစက်ဇုံအဖြစ် အစိုးရက ကြေညာဖို့ ရှိပါတယ်။ ဝက်တွေသွားလာတင်ပို့တာကို ကန့်သတ်ထားပြီး သံသယရှိတဲ့ဝက်တွေ ကို သုတ်သင်မှာ ဖြစ်ပေမယ့် အစိုးရက ဝက်ခြံတွေကိုလည်း နစ်နာကြေးပေးမှာ ဖြစ်ပါတယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။ အဲဒီလို နစ်နာကြေးပေးဖို့ အစိုးရအဖွဲ့က ထိုင်းဘတ်ငွေ ၅၇၄ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၁၇.၁၅ သန်းကို အင်္ဂါနေ့က သဘောတူ ချထားပေးလိုက်ပါတယ်။

ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ကိုလည်း ထိုင်းနိုင်ငံက အကြောင်းကြားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးပိုးတွေ့ရှိ

===========

[[Unicode]]








===========