AIIB စီမံကိန်း ၄ ခု အတည်ပြု

AIIB

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ AIIB - ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာရှဘဏ်ရဲ့ ဘုတ်အဖွဲ့က စီမံကိန်း ၄ ခုမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ဒေါ်လာ ၅၀၉ သန်းကို သောကြာနေ့က အတည်ပြုပေးလိုက်ပါတယ်။

အဲဒီ စီမံကိန်း ၄ ခုထဲက သုံးခုကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဗြိတိန်နိုင်ငံ တကာ ဖွံ့ဖြိုးရေးအေဂျင်စီ၊ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဥရောပ ဘဏ်တို့နဲ့ ပူးတွဲ မတည်ပေးခဲ့တာပါ။ အရင်ကြေညာထားတဲ့ စီမံကိန်းတွေ ကတော့ - ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ် ဓာတ်အားလိုင်းတွေအတွက်၊ အင်ဒိုနီးရှားနိုင်ငံက ဆင်းရဲသားရပ်ကွက်တွေကို အသစ်ပြုပြင်တည်ဆောက်ပေးဖို့၊ ပါကစ္စတန်နဲ့ တာဂျစ ်ကစ္စတန်နိုင်ငံတွေမှာ အဝေးပြေးလမ်းမတွေ ဖောက်ပေး ဖို့ ဖြစ်ပါတယ်။

AIIB ဘဏ်တည်ထောင်ရေးကို တရုတ်သမ္မတ ရှီကျင်းပင်က လွန်ခဲ့တဲ့နှစ်နှစ်က အဆိုပြုခဲ့ပြီး ဇန်နဝါရီလထဲမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက် လာခဲ့ပါတယ်။ မတည်တဲ့နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယန်၁၀၀ ရှိပါတယ်။ AIIB ဘဏ်အနေနဲ့ ဒီနှစ်ရင်းနှီးမှု ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်ပါတယ်။

AIIB ဘဏ်ရဲ့ ပထမနှစ်ပတ်လည် အစည်းအဝေးကို တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။

Your browser doesn’t support HTML5

AIIB စီမံကိန်း ၄ ခု အတည်ပြု