အလိုတော်ပြည့်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယာဝံသကို ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့တခုဖြစ်တဲ့ World Alliance of Buddhists (WAB) နဲ့ ကမ္ဘာ့ရဟန်းပျိုအဖွဲ့ (World Buddhist Sangha Youth, WBSY) အဖွဲ့တို့က ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆု (“Global Dhamma Peace Laureate Golden Award”) ချီးမြှင့်လိုက်ပါတယ်။
ဗုဒ္ဓဘာသာအတွက် ဆရာတော့်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာ ဗုဒ္ဓဘာသာ အဝန်းအဝိုင်းက အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ ဆုချီးမြှင့်တဲ့ WAB နဲ့ WBSY အဖွဲ့ကိုယ်စားပြု တာဝန်ရှိသူတဦးက ဆုချီးမြှင့်ပွဲအခမ်းအနားအတွင်း ပြောပါတယ်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲက အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပပြီး WAB နဲ့ WBSY အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနဲ့ အခြားတာဝန်ရှိသူတွေ၊ ဒကာ ဒကာမတွေနဲ့ ဧည့်ပရိသတ်တွေ တက်ရောက်ကြပါတယ်။
Your browser doesn’t support HTML5
အလိုတော်ပြည့်ဆရာတော် ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆုရ
Your browser doesn’t support HTML5
အလိုတော်ပြည့်ဆရာတော် “Global Dhamma Peace Laureate Golden Award” ချီးမြှင့်ခံရ