မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက် သံအမတ်ကြီးဝေဖန်

Your browser doesn’t support HTML5

မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ ကိုင်တွယ်မှုဟာ အခုချိန်ထိ ထိရောက်မှုမရှိတဲ့အတွက် အားမရဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။
မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ ကိုင်တွယ်မှုဟာ အခုချိန်ထိ ထိရောက်မှုမရှိတဲ့အတွက် အားမရဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့ကပြုလုပ်တဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကနေ ရလာဒ်တစုံတရာ ထွက်ပေါ်ခဲ့ခြင်းမရှတဲ့ အပေါ် သံအမတ်ကြီးက ဗွီအိုအေကို ပြောကြားခဲ့တာပါ။

မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးနဲ့ ပတ်သက်လို့ ကျနော်တို့ အကြမ်းဖျင်းသိရသလောက် ကိုဗစ်ကိစ္စကို ဆွေးနွေးတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက် လူသားချင်းစာနာမှုဆိုင်ရာကိစ္စမှာဆိုရင် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်ကိုယ်တိုင် တင်ပြခဲ့တယ်ဆိုတာ သိရပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ အစီရင်ခံတင်ပြသူတွေပဲ တက်ခွင့်ရတာဆိုတော့ အထဲမှာဘာတွေဆွေးနွေးလဲဆိုတာကိုတော့ ကျနော် အသေးစိတ်မသိပါဘူး။ ဒါပေမဲ့ အစည်းအဝေးက ဘာရလာဒ်ထွက်လည်းဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ အစည်းအဝေးမတိုင်ခင် ကျနော်သိထားတာက မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ရင် အမြဲတမ်း ဦးဆောင်ဦးရွက် လုပ်ပေးနေတဲ့ UK ကနေပြီးတော့ အစည်းအဝေးအပြီးမှာ သတင်းကြေညာချက် ထုတ်ပြန်ဖို့ အတွက် ကြိုးစားခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရပါတယ်။ ဒါပေမဲ့လည်း တချို့ ကန့်ကွက်တဲ့ သူတွေရှိတဲ့အတွက်ကြောင့် သတင်းကြေညာချက်ကို မထုတ်နိုင်ခဲ့ပါဘူး။ "

မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်ကနေ မေးမြန်းထားပါတယ်။