ကန်-တာလီဘန် မကြာမီ တွေ့ဆုံကြမည်

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဗူးလ်မြို့အရှေ့ပိုင်းက တာလီဘန် တိုက်ခိုက်ရေးသမားများ။

အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့အမေရိကန်ပြည်ထောင်စုက မကြာခင် တွေ့ဆုံဖို့စီစဉ်ထားတယ် လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကပြောလိုက်ပြီး ဒီတွေ့ဆုံမှုကို ပါကစ္စတန်နိုင်ငံက အမေရိကန်ရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် ကမကထ လုပ်ပေးမှာလို့ လည်းဆိုပါတယ်။

အာဖဂန်နစ္စတန်ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် Zalmay Khalilzad ပါကစ္စတန်ကိုလာရောက်ခဲ့ပြီး တပတ်ကျော်အကြာမှာ ပါကစ္စတန်ဝန်ကြီးချုပ်ကအခုလိုပြောလာတာပါ။ ကုလအထူးကိုယ်စားလှယ်ဟာ ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ရော ပါကစ္စန်ကာကွယ်ရေးဦးစီးချုပ်နဲ့ရော တွေ့ဆုံခဲ့ပြီး အာဖဂန် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်ကူညီဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟာ သောကြာနေ့တုန်းက ပါရှဝါမြို့လူထုစုဝေးပွဲတခုအတွင်း အမေရိကန်နဲ့တာလီဘန်တို့ တွေ့ဆုံကြမယ့်ကိစ္စကိုပြောဆိုခဲ့တာပါ။ ဆွေးနွေးမှုအသေးစိတ်ကိုတော့ သူက မပြောပါဘူး။

Your browser doesn’t support HTML5

ကန်-တာလီဘန် မကြာမီ တွေ့ဆုံကြမည်