[[Zawgyi/Unicode]]
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ဒီကနေ့လုပ်တဲ့ အာဆီယံ အဆင့်မြင့် အရာရှိကြီးတွေရဲ့ အစည်းအဝေးကို မြန်မာ စစ်ကောင်စီရဲ့ အကြီးတန်း တာဝန်ရှိသူတဦး အွန်လိုင်းကတဆင့် တက်ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးဖြစ်သူ Sounry Chum က ဗွီအိုအေ ခမာဌာနကို ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး (AMM) ကို မနက်ဖြန်မှာ ကျင်းပဖို့ရှိပြီး အဲဒီမတိုင်ခင်မှာ အဆင့်မြင့် အရာရှိကြီးတွေ ရဲ့ အစည်းအဝေးကျင်းပတာပါ။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ စစ်ကောင်စီကခန့်ထားတဲ့ ဝန်ကြီးအဆင့်ကို ပေးမတက်ဘဲ နိုင်ငံရေးအရ ခန့်ထားသူမဟုတ်တဲ့ တာဝန်ရှိသူတဦး တက်ရောက်ဖို့ အာဆီယံဘက်က အကြောင်းကြားခဲ့ပါတယ်။
ဒီအပေါ် စစ်ကောင်စီက ဝေဖန်ပြောဆိုခဲ့ပြီး ဝန်ကြီးအဆင့် အစည်းအဝေးကိုတက်ရောက်ဖို့ ဘယ်သူ့ကိုမှ လွှတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေက အွန်လိုင်းကတဆင့် တက်ရောက်မှာဖြစ်ပြီး ကျန်နိုင်ငံတွေကတော့ လူကိုယ်တိုင် တက်ရောက်ကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။ အခု AMM အစည်းအဝေးဟာ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာအပြီး ပထမဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]
==============