လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံဟာ မြန်မာနိုင်ငံမှာ အခု မြင်တွေ့နေရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ လမ်းစဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ မြန်မာအာဏာပိုင် အသိုင်းအဝိုင်းကတော့ ဒီအရေးအခင်းဟာ မသမာသူတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အဖြစ်ဆိုးကြီး တရပ်သာ ဖြစ်တယ်လို့လည်း ဆိုနေခဲ့ကြတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးကျော်ဇံသာက ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၈၈ အရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ အထူးခြားဆုံး အရေးတော်ပုံတွေ၊ လူထုလှုပ်ရှားမှုတွေအနက် အင်မတန် အရေးကြီးတဲ့ ဖြစ်ရပ်တခုလို့ လူတော်တော်များများ၊ ပြည်သူလူထု
တော်တော်များများက သတ်မှတ်ထားကြတာပါ။ ကမ္ဘာ့ပြည်သူ တော်တော်များများကလည်း ဒီလိုပဲ သတ်မှတ်ကြပါတယ်။
ဒါပေမဲ့လည်း ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အာဏာပိုင်အဖွဲ့အစည်းမျိုးစုံ၊ အရေးအခင်းကို ပြင်းပြင်းထန်ထန် နှိမ်နင်းနှိပ်ကွပ်ခဲ့တဲ့ တပ်မတော်လို့ခေါ်တဲ့ မြန်မာနိုင်ငံစစ်တပ် ဒီအင်အားစုတွေကတော့ ဒီအရေးအခင်းကို ဘယ်သောအခါမှ အကောင်းဘက်က မြင်တယ်၊ ဒီအရေးအခင်းကြောင့် တိုင်းပြည်တိုးတက် ပြောင်းလဲစရာလမ်းကြောင်း ဖြစ် လာခဲ့တယ်လို့ ပြောတာဆိုတာ၊ ဒီအချိန်အထိတော့ အထောက်အထား မတွေ့ရသေးပါဘူး။
နဝတခေတ်တုန်းက မြန်မာ့ရုပ်မြင်သံကြားမှာတော့ သမိုင်းရေစီး၊ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်ဆိုပြီး ခေါင်းဖြတ်နေတဲ့ပုံ၊ အဖျက်အမှောင့် လုပ်နေတဲ့ပုံတွေကို ပြသခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီအရေးတော်ပုံရဲ့ အကျိုးအာနိသင်ထက် မကောင်းတဲ့ ဖြစ်ရပ်တွေသာ ဖြစ်ခဲ့တယ်ဆိုတာကို အထောက်အထား ပြချင်တဲ့အတွက် ပြသခဲ့တာသာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့မှာတော့ နှစ်ပေါင်း ၂၅ နှစ်ကြာ ပြန်လည်သုံးသပ်တဲ့ အခါမှာ ဒီအရေးအခင်းကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေဟာ အကောင်းဘက်ကို ဦးတည်လာခဲ့တယ်၊ ပွင့်လင်းမှုဘက်ကို ဦးတည်လာခဲ့တယ်လို့ သုံးသပ်လာကြပါတယ်။ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပညာရှင် ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ခ် (David Steinberg) က အခုလို ဆိုပါတယ်။
“ရေရှည်ကြည့်လို့ ရှိရင်တော့ ဒီအရေးအခင်းဟာ ဖြစ်စဉ်တရပ်ကို စတင်ပေးခဲ့တယ်။ နောက် လူ့အဖွဲ့အစည်းအတွင်း ဗဟုဝါဒ ပိုမို ထွန်းကားတဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ လွတ်လပ်တဲ့ အခြေအနေတွေကို အောင်အောင်မြင်မြင် ဖန်တီးနိုင်မယ်လို့ မျှော်လင့်နိုင်မယ့် လမ်းကြောင်းကို စတင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်လောက် ရှေ့ဆက်သွားရဦးမယ်ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ အစိုးရသစ် တက်လာပြီးကတည်းက အပြောင်းအလဲတွေကို အမှန်တကယ် တွေ့မြင်လာရပါပြီ။”
ဒေးဗစ် စတိုင်းဘတ်ခ် ဟာ မြန်မာနိုင်ငံအရေးမှာ အင်မတန် မျှမျှတတ ပြောဆိုသုံးသပ်လေ့ရှိတဲ့အတွက်ကြောင့် တချို့ကဆိုရင် ဒီပုဂ္ဂိုလ်ဟာ စစ်အစိုးရဘက်ကို တိမ်းတယ်။ အတိုက်အခံတွေကို ဆန့်ကျင်တယ်။ ဒီမိုကရေစီ လှုပ်ရှားမှုကို မထောက်ခံဘူးလို့ ပြောဆိုခံရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ရမယ်ဆိုပြီး မူ ချမှတ်ခဲ့တာကိုလည်းပဲ သူက အစဉ်တစိုက် မှားယွင်းတယ်လို့ ထောက်ပြဝေဖန်လာခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ဒီ ၈၈ အရေးအခင်းကို စဖြစ်ကတည်းက စိုက်လိုက်မတ်တပ် သုံးသပ်ရေးသားလာခဲ့တဲ့ သတင်းစာဆရာကြီး ဘတ့်တေး လင်နာ (Bertil Lintner) ကလည်း ဒီအရေးအခင်းဟာ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်ရဲ့အစကို ဖန်တီးပေးခဲ့တဲ့ အရေးအခင်းဖြစ်တယ်။ ဒါဟာ အောင်မြင်တဲ့ အရေးအခင်း တစ်ခုဖြစ်တယ်လို့ အခုလို သုံးသပ်ပါတယ်။
“၈၈ အုံကြွမှုက ချမှတ်ထားခဲ့တဲ့ သမိုင်းခြေရာကတော့ ၁၉၆၂ နောက်ပိုင်းမှာ နိုင်ငံရေး အခြေအနေ ပွင့်လင်းလာဖို့ ပထမဦးဆုံး ဖြစ်ထွန်းခဲ့တဲ့ လှုပ်ရှားမှု ဆိုတာပါပဲ။ ၈၈ အုံကြွမှု မရှိခဲ့ရင် ဒီအခြေအနေမျိုးကိုလည်း လုံး၀ မြင်တွေ့ရလိမ့်မယ် မဟုတ်ပါဘူး။ နိုင်ငံရေးအပြောင်းအလဲတွေဟာ တကယ့် အစစ်အမှန် မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း ၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီး မမြင်တွေ့ခဲ့ရဖူးတဲ့ လွတ်လပ်ခွင့်တွေ အခု မြန်မာပြည်မှာ တွေ့လာရပါတယ်။ သတင်းစာတွေ ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာပါတယ်။ အရပ်သားအဖွဲ့အစည်းတွေ ထွန်းကားလာပါတယ်။ ဒါတွေအားလုံးဟာ ၈၈ အရေးတော်ပုံရဲ့ legacy (အမွေ) ပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံ ၈ လေးလုံး အရေးတော်ပုံရဲ့ အကျိုးဆက်တွေကတော့ အခုအချိန်ထိ အဆုံးသတ်ပြီလို့ မပြောနိုင်သေးပါဘူး။ သူတို့ စတင်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ အရှေ့ကို ဘယ်လောက် ဆက်လက် လျှောက်လှမ်းရလိမ့်မယ် ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရေးအခင်းမှာ အနစ်နာ ခံသွားကြတဲ့သူတွေရဲ့ ပေးဆပ်မှုကြောင့်
မြန်မာပြည်သူတွေဟာ ဒီနေ့အခါမှာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ သတင်းစာလွတ်လပ်ခွင့်တို့ ဆိုတာတွေကို ကြားနေရတယ်လို့ ပြောမယ်ဆို ရင်တော့ မှားမယ်မဟုတ်ကြောင်းပါခင်ဗျား။