အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ လေးရက်မြောက်အဖြစ် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားလိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာတော့ အမေရိကန်သံရုံးအနီးမှာ ၄ ရက်ကြာ ဆက်လက်ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံး အသုံးပြုပြီးတော့ လူစုခွဲခဲ့ ရပါတယ်။
အခုသတင်းပတ်စောစောပိုင်း အီဂျစ် နဲ့ လစ်ဗျား နိုင်ငံတွေမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ယီမင် အီရန် အီရတ် ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေကို ပြန့်နှံ့ခဲ့ပါတယ်။
ဒီအတောအတွင်း လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့က အမေရိကန်သံရုံးကို အကြမ်းဖက် စီးနင်းခဲ့မှုမှာ ပါဝင်ပတ်သက် ခဲ့သူတွေလို့ သံသယရှိသူ ၄ ဦးကို လစ်ဗျားအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ လစ်ဗျားအာဏာပိုင်တွေက အသေးစိတ် အချက်လက်တွေကိုတော့ မကြေညာပါဘူး။
အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတိုဘာ စတီဗင်နဲ့ သံရုံး ဝန်ထမ်း ၃ ဦး အသတ်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ဟာ အလယ်လ်ခိုက်ဒါး အကြမ်းဖက် အဖွဲ့အပေါ် ထောက်ခံသူတွေရဲ့ လက်ချက်လား ဆိုတာကိုတော့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်းနေဆဲဖြစ်ပါတယ်။ သူတို့မှာ တိကျတဲ့ အထောက်အထား တွေတော့ မရှိသေးပါဘူးလို့ ပြောပါတယ်။