ရုရှားနိုင်ငံ Vladivostok ဆိပ်ကမ်းမြို့မျာ ကျင်းပနေတဲ့ APEC ထိပ်သီး ညီလာခံရဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲဟာ တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါပြီ။ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး APEC အဖွဲ့ဝင် ၂၁ နိုင်ငံက သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးပြုတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခွန်အခ လျှော့ချရေး အပြင် ဥရောပ ကြွေးမြီ ပြဿနာကို ထိန်းနိုင်ဖို့အတွက် ကုန်သွယ်ရေးဆိုင်ရာမှာ လွတ်လွတ်လပ်လပ် ကြီးထွားလာစေဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ပါ သဘောတူခဲ့ကြပါတယ်။
APEC အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ အန္တတိတ်ဒေသမှာ အမေရိကန်၊ ရုရုား သိပ္ပံဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးတွေ တိုးလုပ်ဖို့အတွက် သဘောတူ စာချုပ်တရပ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ နဲ့အတူ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကတော့ အမေရိကန်ရဲ့ မဟာမိတ် နှစ်နိုင်ငံ ဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို နှစ်နိုင်ငံ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကျွန်းစုနဲ့ ပတ်သက်ပြီး တဘက်နဲ့တဘက် သဘောထား သိပ်ပြီး မတင်းမာဖို့ ဝန်ကြီးကလင်တန်က တိုက်တွန်းခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ကတော့ ဥရောပဒေသမှာ ကုန်တင်ပို့မှု လျော့ပါး လာနေတာမို့ အရှေ့အာရှ ဒေသအတွက် ကုန်စည်တင်ပို့မှု တိုးမြင့်နိုင်ဖို့ အာရှ၊ ဥရောပ တိုက်နှစ်တိုက်ကို ဖြတ်သန်းတဲ့ လမ်းပန်းဆက်သွယ်ရေး တိုးမြင့်ချင်တဲ့ သူ့ ရည်ရွယ်ချက်အတွက် ဒီ APEC ညီလာခံမှာ အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။