(zawgyi/unicode)
ယူကရိန်းကို ရုရှားကျူးကျော်မှုကို ကန့်ကွက်ဆန္ဒပြမှုအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာလုပ်တဲ့ အာရှ ပစိတ်ဖိတ်ဒေသ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးကနေ အမေရိကန်နဲ့ နိုင်ငံအတော်များများက ကိုယ်စားလှယ်တွေ ထွက်ခွာသွားကြပါတယ်။ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်၊ သြစတေးလျတို့နဲ့အတူ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တွေဟာ APEC အာရှပစိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးကနေ စနေနေ့က သပိတ်မှောက်ထွက်သွားကြတာဖြစ်တယ်လို့ ထိုင်းအရာရှိနှစ်ဦးနဲ့ သံတမန်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။ ၂၁နိုင်ငံပါ APEC အစည်းအဝေးရဲ့ နှစ်ရက်ကြာအစည်းအဝေးကျင်းပဖို့ ဖွင့်ပွဲမိန့်ခွန်းမှာ ရုရှားကိုယ်စားလှယ်တတ်ရောက်မိန့်ခွန်းပြောချိန်မှာ အခုလို အစည်းအဝေးခန်းကနေ ထွက်သွားကြတာလို့ သိရပါတယ်။ ရုရှားကိုယ်စားလှယ်က အဖွင့်စကားပြောချိန်မှာ ဂျပန်ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးခန်းကနေ ထွက်ခွာသွားတယ်ဆိုတာကို ဂျပန်တာဝန်ရှိသူတွေကလည်း ကျိုတိုသတင်းဌာနကို အတည်ပြုပါတယ်။ အခုကျင်းပတဲ့ APEC အစည်းအဝေးဟာ ကိုဗစ်ကာလအလွန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ ကိုဗစ်ကပ်ရောဂါအကန့်အသတ်တွေ ပြန်လည်ဖြေလျှော့ခဲ့ပြီးနောက် APEC ကုန်သွယ်ရေးဝန်ကြီးတွေ သုံးနှစ်အတွင်း ဒါ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
SEE ALSO:
ရုရှားမိန့်ခွန်းပြောချိန် ကန်နဲ့နိုင်ငံတချို့ APEC အစည်းအဝေးကထွက်ခွာ(unicode)