သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့မိခင်တွေ ထိုင်းဘုရင်ဆီက သက်ညှာခွင့်ရဖို့ မျှော်လင့်

Your browser doesn’t support HTML5

ထိုင်းရဲတပ်ဖွဲ့က ညှင်းပမ်းနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းတဲ့ လုပ်ရပ်ကြောင့် ပြစ်မှုမကျူးလွန်ပဲ ဖမ်းဆီး သေဒဏ်ချမှတ်ခံထားရတဲ့ သူတို့သားတွေကိုထိုင်းဘုရင်ကနေ သက်ညှာခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မောင်ဇော်လင်းနဲ့ မောင် ဝင်းဇော်ထွန်းတို့ မိခင်တွေက သတင်းမီဒီယာတွေကို ပြောပြခဲ့ကြပါတယ်။
( Zawgyi/ Unicode)
သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့မိခင်တွေ ထိုင်းဘုရင်ဆီက သက်ညှာခွင့်ရဖို့ မျှော်လင့်
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့က ညှင်းပမ်းနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းတဲ့ လုပ်ရပ်ကြောင့် ပြစ်မှုမကျူးလွန်ပဲ ဖမ်းဆီး သေဒဏ်ချမှတ်ခံထားရတဲ့ သူတို့သားတွေကိုထိုင်းဘုရင်ကနေ သက်ညှာခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မောင်ဇော်လင်းနဲ့ မောင် ဝင်းဇော်ထွန်းတို့ မိခင်တွေက သတင်းမီဒီယာတွေကို ပြောပြခဲ့ကြပါတယ်။
အောက်တိုဘာလ (၂၄)ရက်နေ့က ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်းချိန် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မိခင်နှစ်ဦးကို တွေ့ဆုံမေးမြန်းထားတဲ့ AP သတင်းနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူနားက မောင်ဇော်လင်းရဲ့ ရွာကို သွားရောက် ရိုက်ကူးထားတဲ့ AFP သတင်းတွေကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။



