ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က အဆင်မြင့် ကုန်တိုက်ကြီးထဲမှာ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ ဓားစာခံတွေ အားလုံး လွတ်မြောက်စေခဲ့ပြီး အခြေအနေကို စစ်တပ်က အပြည့်အဝ ထိန်းထားနိုင်လိုက်ပြီလို့ ကင်ညာအရာရှိတွေက ပြောကြားပါတယ်။ စစ်သားတွေကတော့ အဆိုပါ WestGate ကုန်တိုက်ကြီးထဲမှာ တထပ်ပြီးတထပ် ဝင်ရောက်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။
ဆိုမာလီနိုင်ငံက အယ်လ်-ရှာဘတ် အကြမ်းဖက်သမားတွေကနေ လူစည်းကားတဲ့ ဒီအဆောက်အဦးကို တနင်္ဂနွေနေ့က သူတို့စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သေနတ်သမားတွေဟာ ဈေးဆိုင် တဆိုင်ပြီးတဆိုင် ဝင်ရောက်ပြီး ဈေးဝယ်သူတွေကို ပစ်ခတ်ခဲ့ကြပါတယ်။ ချက်ပြုတ်နည်း သင်တန်းတက်နေတဲ့ ကလေးသူငယ် တစုကိုလည်း ပစ်ခတ်ခဲ့ပြီး ကားရပ်နားတဲ့ နေရာမှာလည်း လူတချို့ကို ပစ်သတ်ခဲ့ပါတယ်။ ကြက်ခြေနီရဲ့ စာရင်းအရ သေဆုံးသူ စုစုပေါင်း ၆၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဆိုမာလီနိုင်ငံတွင်းမှာ ကင်ညာစစ်တပ် ဝင်ရောက် စွက်ဖက်နေမှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတာကို ကင်ညာအစိုးရ မလိုက်လျောတဲ့အတွက် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ အယ်လ်-ရှာဘတ် အကြမ်းဖက်အဖွဲ့က ဆိုပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက ကင်ညာသမ္မတ Uhuru Kenyatta ကို တိုက်ရိုက် ဆက်သွယ် ပြောကြားခဲ့ပြီး တရားဥပဒေ ထိန်းသိမ်းရေး အကူညီတွေ ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။