အုပ်စုလိုက် အဓမ္မပြုကျင့်မှု အတွက် မသင်္ကာသူ ၂ ဦး အိန္ဒိယဖမ်းဆီး

အိန္ဒိယ အုပ်စုလိုက် မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြ။

အိန္ဒိယနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် ဝမ်းကွဲညီအမနှစ်ယောက်ကို အုပ်စုလိုက် မုဒိန်းကျင့်မှုနဲ့ဆက်စပ်ပြီး လူနှစ်ယောက်ထက် မနည်းကို ထပ်ပြီး ဖမ်းလိုက်ပြီလို့ အိန္ဒိယမြောက်ပိုင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အခင်းဖြစ်ပြီး တဲ့နောက် ညီအမနှစ်ယောက်ဟာ သစ်ပင်ကနေ ကြိုးဆွဲချပြီး သတ်သေ သွားခဲ့ကြတာပါ။ သံသယရှိသူတဦးဟာလည်း အဖမ်းခံထားရပြီးဖြစ်ပါတယ်။

မိန်းကလေးတွေဟာ သူတို့အိမ်မှာ အိမ်သာမရှိတာကြောင့် အင်္ဂါနေ့က အပေါ့အပါး သွားဖို့ ကွင်းထဲကိုအသွား ပျောက်ဆုံးသွားခဲ့ တာပါ။
ဗုဒ္ဓဟူးနေ့မှာတော့ သရက်ပင်ပေါ်ကနေ ကြိုးဆွဲချသတ်သေသွားတဲ့ မိန်းကလေးတွေရဲ့အလောင်းတွေကို Uttar Pradesh ပြည်နယ်၊ Buduan ခရိုင် ရွာသားတွေက တွေ့ခဲ့ကြရပါတယ်။ အလောင်းတွေကို ရင်ခွဲစစ်ဆေးခဲ့တာအရ မိန်းကလေးတွေဟာ မုဒိန်းကျင့်ခံခဲ့ရတယ်ဆိုတာကို ပြနေပါတယ်။

အိန္ဒိယနိုင်ငံမှာ လိင်ပိုင်း အကြမ်းဖက်ခံရတာတွေ ဆက်ပြီးဖြစ်နေတဲ့ အပေါ် ဒေါသထွက်နေကြတာနဲ့အမျှ အခုဖြစ်ရပ်နဲ့ပတ်သက် ပြီး အစီရင်ခံတင်ပြဖို့ ပြည်ထဲရေးဝန်ကြီး Rajnath Singh က ပြည်နယ် အစိုးရကို ညွှန်ကြားထားပါတယ်။ မုဒိန်းကျင့်မှုမှာ အမျိုးသား အများအပြား ပါဝင်ပြီး ကျန်တဲ့သံသယရှိသူတွေကို လိုက်ရှာနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။