ယူကရိန်းနိုင်ငံမှာ အခွန်တိမ်းရှောင်မှု၊ ရုရှားနိုင်ငံကို သဘာ၀ ဓာတ်ငွေ့ရောင်းချရာမှာ လာဘ်ယူမှုတွေ နဲ့ ထောင်ဒဏ်(၇)နှစ် ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စ၊ ယူလီယာ တိုင်မိုရှဲန်ကို (Yulia Tymoshenko) ကို လစ်သူရေးနီးယားနိုင်ငံရဲ့ သမ္မတ ဒါလီယာ ဂရိုင်ဘောစကိတ် (Dalia Grybauskaite) က မစ္စ တိုင်မို ရှဲန်ကိုရှိရာ အကျဉ်းထောင်ထဲမှာ မေလ(၁၁)ရက်နေ့က သွားရောက်တွေ့ ဆုံခဲ့ပါတယ်။
ဒါဟာ အကျဉ်းထောင်ထဲမှာ မစ္စ၊ တိုင်မိုရှယ်န်ကို ကို နိုင်ငံခြား ခေါင်းဆောင်တစ်ဦးက ပထမဦးဆုံး လာရောက် တွေ့ဆုံမှု ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ကျင်းပမယ့် ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက နိုင်ငံများရဲ့ ထိပ်သီး ညီလာခံကို တက်ရောက် ဖို့ ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်တွေက သပိတ်မှောက်နေကြ တာကနေ ယူကရိန်းအစိုးရနဲ့ ဥရောပတို့ ကြားမှာ ယုံကြည်မှု ပျက်ပြားတဲ့ အရေးအခင်းတစ်ရပ် ပေါ်ပေါက်လာမှာကို ဝန်ကြီးချုပ်ဟောင်း မစ္စ တိုင်မိုရှဲန်ကိုက စိုးရိမ်ပူပန်နေတယ်လို့ လစ်သူရေးနီးယား သမ္မတ ဂရိုင်ဘောစကိတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယုံကြည်မှုပျက်ပြားခြင်းဆိုတဲ့ နှင်းခဲလုံးတစ်လုံး ပစ်ပေါက်မိရာ ကနေ နှင်းတောင်ကြီး ပြိုကြလာမဲ့ အရေး ကို သူ့ အနေနဲ့ ရှောင်လွဲှလိုတယ်လို့ မစ္စ၊ တိုင်မိုရှဲန်ကိုက သမ္မတ ဂရိုင်ဘောစကိတ်ကို ပြောကြားခဲ့ပါ တယ်။
ဒေသတွင်းနိုင်ငံတွေရဲ့ ထိပ်သီးညီလာခံကို ယူကရိန်းနိုင်ငံ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ယော်လတာ (Yalta) မှာ မေလ (၁၁) ရက်နဲ့ (၁၂) ရက်၊ နှစ်ရက်တာ ကျင်းပဖို့ရှိနေပြီးတော့ မစ္စ တိုင်မို ရှဲန်ကို ကို ထောင်သွင်းအကျဉ်းချတာနဲ့ ထောင်တွင်းမှာ အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ တာတွေကြောင့် ဂျာမန်သမ္မတ ယိုအာချင် ဂေါက် (Jaochin Gauck) နဲ့ ချက်နိုင်ငံသမ္မတ ဗားဆလပ်စ် ကလော့စ် (Vaclav Klaus) အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၁၀)နိုင်ငံက ခေါင်းဆောင်တွေ က ယော်လတာထိပ်သီးညီလာခံကို မတက်ရောက်ဘဲ သိပ်တ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် မစ္စ တိုင်မို ရှဲန်ကိုကို ဂျာမဏီနိုင်ငံမှာ သွားရောက်ဆေး ကုသခွင့်ကို ငြင်းဆိုခဲ့တဲ့ သမ္မတ ဗစ်တာ ယာနူကိုဗစ်(ချ်) (Victor Yanokovych) ရဲ့ ဟူကရိန်း အစိုးရဟာ နိုင်ငံ တကာရဲ့ ပြစ်တင်ဝေဖန်မှုလည်း ခံနေရပါတယ်။