အောက်လွှတ်တော် အတည်ပြုလိုက်တဲ့ အစိုးရ အသုံးစရိတ်ဥပဒေကို အထက်လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ဒီမိုကရက်အမတ်တွေ ကန့်ကွက်နေကြပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်ပါတီကြီးနှစ်ခု အကြား အစိုးရ အသုံးစရိတ်နဲ့ပတ်သက်ပြီး အချေအတင် ငြင်းခုံဆွေးနွေးမှုတွေ ပြင်းထန်လာသလို အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းကိုလည်း အထက်လွှတ်တော်က အတည်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။ အစိုးရအသုံးစရိတ် သဘောတူညီချက် မရရင် အမေရိကန် အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ယာယီ ရပ်ဆိုင်းရမယ့် အခြေအနေမျိုးတောင် ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။