အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

တာလီဘန်အလောင်းတွေကို အမေရိကန် ကမ်းတက်တပ်သားတွေက ဝိုင်းဝန်းကျင်ငယ် စွန့်နေကြတဲ့ပုံကို ဖော်ပြထားတဲ့ ဗွီဒီယို မှတ်တမ်းအပေါ် အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရတာဟာ စက်ဆုပ်စရာ မြင်ကွင်းတခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူမယ်လို့ ပြောပါတယ်။

ဒီ ဗွီဒီယိုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း အမေရိကန် ကမ်းတက်တပ်ဖွဲ့နဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အကြီးအကဲတို့ကို ညွှန်ကြားခဲ့တာပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အလေးအနက်ထား စစ်ဆေးသွားမှာ ဖြစ်တဲ့ အကြောင်းကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ အမေရိကန်တွေ တန်ဘိုးထားတဲ့ စံတွေနဲ့ မညီတဲ့ လုပ်ရပ်ဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေ ကျူးလွန်မယ်လို့ မျှော်လင့်မထားတဲ့ ကိစ္စမျိုးဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြစ်တင် ပြောဆိုသွားပါတယ်။